You can also download android application here.
Free Download ×

Terms and Condition of Byoh Lifestyle

********************

I.          Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုသူများ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

Byoh Lifestyle ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအနေဖြင့် Byoh Lifestyle မှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာအသုံးပြုရမည်ဖြစ်ပါသည်။ Byoh Lifestyle ဝန်ဆောင်မှုအနေဖြင့် ဤဝန်ဆောင်မှု နှင့်ပတ်သက်၍ သုံးစွဲသူများထံ ကြိုတင်အသိပေး၍ဖြစ်စေ၊ ကြိုတင်အသိမပေးဘဲဖြစ်စေ လိုအပ်သလိုပြင်ဆင် မွမ်းမံခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအတွက်လည်း Byoh Lifestyle ဝန်ဆောင်မှု နှင့် MPT, ATOM တို့တွင် တာဝန်ရှိမည် မဟုတ်ပါ။ ဤဝန်ဆောင်မှုကို မှတ်ပုံတင်၍ ရယူရာတွင် သင်၏ပေါ့လျော့မှု တစ်စုံတစ်ရာကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးအပါအဝင် အကျိုးစီးပွားထိခိုက်မှုဖြစ်ပေါ် လာပါက (သို့မဟုတ်) ဝန်ဆောင်မှု ရယူရန် မတတ်သာပါက Byoh Lifestyle ဝန်ဆောင်မှု၊ MPT, ATOM နှင့် ၎င်းတို့၏အဖွဲ့ဝင်တို့ထံတွင် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။ Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြု ရန်အတွက် စည်းမျဉ်းစည်းကမ်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ခြင်း

Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် Byoh Lifestyle ဝန်ဆောင်မှုတွင် အဖွဲ့ဝင်ထားရန် လိုအပ်သည်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရာတွင် တောင်းခံသည့် လိုအပ်သောအချက်အလက်များကို သင့်အနေဖြင့် လတ်တလောဖြစ်သော၊ တိကျမှန်ကန်သော၊ ပြည့်စုံမှုရှိသော အချက်အလက်များကို ဖြည့်သွင်းရမည်။ သင့်အား ဝန်ဆောင်မှုပေးရန်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သင်၏တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ပေးရန်၊ ဥပဒေကြောင်းအရ လုပ်ဆောင်ရန်ကိစ္စများရှိလာသည့်အခါ အသုံးပြုရန်၊ စည်းမျဉ်းစည်းကမ်းများအကျိုးသက် ရောက်မှု ရှိစေရန်၊ Byoh Lifestyle ဝန်ဆောင်မှုနှင့်ပတ်သက်၍ အခြားဖြစ်ပေါ်လာသောကိစ္စအ၀၀ကို ဖြေရှင်း ဆောင်ရွက်ရန်၊ ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ဆက်သွယ်ရန် လိုအပ် သောကြောင့် ဤဝန်ဆောင်မှုကိုအသုံးပြုရန် မှတ်ပုံတင်စဉ်က ဖြည့်သွင်းခဲ့သော သင်၏အချက်အလက်များကို Byoh Lifestyle မှ ဝင်ရောက်ကြည့်ရှုခြင်း၊ ထိန်းသိမ်းမှုပြုလုပ်ခြင်း၊ အများသိအောင် ကြေညာခြင်းတို့ ပြုလုပ်ရန် သင့်အနေဖြင့် သဘောတူလက်ခံမည်ဖြစ်သည်။ Byoh Lifestyle ဝန်ဆောင်မှုတွင် သင်၏ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင် လိုက်ခြင်းသည် ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများအားလုံးကို သင်၏ မိုဘိုင်းလ်ဖုန်းထံသို့ SMS စာတိုများနှင့် SMS Link များ ပေးပို့မည်ကို သိရှိလက်ခံသဘောတူရာရောက်သည်။

 

 

၂။ ဝန်ဆောင်ခ

Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် နေ့စဉ်ကြေး ၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ နေ့စဉ်ကြေး ၉၉ ကျပ်ပေးဆောင်ပြီးပြီဆိုရင်တော့ Byoh Lifestyle က နေ့စဉ်တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ကြည့်ရှုနိုင်ပြီ ဖြစ်သလို ဆောင်းပါးကောင်းများတွေကိုလည်း ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ စဉ်ဆက်မပြတ်  နေ့စဉ် ကောက်ခံမှုရှိသည့် ၃၆၅ ရက် ပက်ကေ့ချ် ဖြစ်ပါသည်။ စာရင်းပေးသုံးစွဲမှု အမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်ပါသည်။

လူကြီးမင်း၏လက်ကျန်ငွေမလုံလောက်လျှင်အဖိုးအခကောက်ခံမည်မဟုတ်ပါ။ မည်သည့်အကြောင်းကြောင့် ငွေကောက်ခံခြင်းမရှိပါက လူကြီးမင်းအနေဖြင့် ထိုနေ့အတွက်ဝန်ဆောင်မှုအသုံးပြုနိုင်မည်မဟုတ်ပါ။

လက်ကျန်ငွေလုံလောက်သည့်အချိန်မှသာ အဖိုးအခကောက်ခံခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုခြင်းအား ဆက်လက် လုပ်ဆောင်ပါမည်။

နောက်ကြောင်းပြန်၍ ငွေကောက်ခံခြင်းပြုလုပ်မည်မဟုတ်ပါ။ မည်သည့်အကြောင်းကြောင့် ငွေကောက်ခံခြင်း မရှိလျှင် ထိုနေ့များအတွက် လူကြီးမင်းထံမှ အဖိုးအခကောက်ခံမည်မဟုတ်ပါ။

လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကို အတည်ပြုပြီး လူကြီးမင်းကို ငွေကောက်ခံသည့် နေ့မှစ၍ လူကြီးမင်းကို တစ်ဆက်တည်း ရက်ပေါင်း (၉၀) အတွက် ငွေကောက်ခံထားခြင်း မရှိပါက စာရင်းပေးသုံးစွဲမှု အလိုလျောက် ရပ်စဲမည်ဖြစ်သည်။

ဤဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကို ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီးဖြစ်ပါက ဖုန်းငွေလက်ကျန်မှ ဖြတ်တောက်မည် ဖြစ်ပြီး သုံးပြီးမှ ငွေချေသည့်စနစ်ကို အသုံးပြုသူဖြစ်ပါက ဖုန်းဘေလ်ကောက်ခံသည့်အခါ MPT နှင့် ATOM မှ ကျသင့်ငွေကို တွက်ချက်ကောက်ခံသွားမည် ဖြစ်သည်။ ဤဝန်ဆောင်ခများသည် Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြု၍ ဗီဒီယိုအစီအစဉ်များကြည့်ရှုခွင့်နှင့် ဆောင်းပါးများဖတ်ရှုခွင့်အတွက်အတွက် သက်သက် ကျသင့်ငွေ ဖြစ်ပြီး အင်တာနက်မှ တဆင့် တိုက်ရိုက်ကြည့်ရှုခြင်း၊ တိုက်ရိုက်ဖတ်ရှုခြင်းများအတွက် အင်တာနက်ဒေတာဖိုး ထပ်မံကျသင့်မည် ဖြစ်သည်။

လူကြီးမင်း၏ အကြောင်းအရာအား ရှာဖွေမှုပြုခြင်းနှင့် ဒေါင်းလုတ်လုပ်ခြင်းအတွက် ဒေတာအဖိုးအခ ကျသင့် ပါမည်။ ကောက်ခံမှုအားလုံးတွင် ကုန်သွယ်ခွန် ၅% ပါဝင်မည်ကို သတိပြုပါ။

ဝန်ဆောင်မှုအတွက်စာရင်းပေးသုံးစွဲခြင်းအပါအဝင် ၎င်းချည်းသာဟုကန့်သတ်မထားဘဲ လူကြီးမင်း၏ မိုဘိုင်း အင်တာနက် ကို မျှဝေသုံးစွဲသည့် တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ ပြုမူဆောင်ရွက်ချက်အတွက် လူကြီးမင်းတွင် တာဝန်ရှိပါသည်။

အဆိုပါ စည်းကမ်းချက်များသည် လူကြီးမင်းအနေဖြင့် စာရင်းပေး သုံးစွဲမှုကိုရပ်တန့်ခြင်း သို့မဟုတ် အဆိုပါ စည်းကမ်းချက် များအရ ဝန်ဆောင်မှု အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။

၃။ ဝန်ဆောင်ခပေးချေခြင်း

Byoh Lifestyle ဝန်ဆောင်မှုမှနေ့စဉ်တင်ဆက်ပေးနေသော ဗီဒီယိုအစီအစဉ်များကို ကြည့်ရှုခြင်း၊ ဆောင်းပါးများကို ဖတ်ရှုခြင်း၊ အသံဖိုင်များကို နားထောင်ခြင်းများအတွက် ဝန်ဆောင်ခကို Byoh Lifestyle App တွင် အဖွဲ့ဝင်စဉ်က မှတ်ပုံတင်ခဲ့သော သင်၏ MPT, ATOM ဖုန်းနံပါတ်၏ ဖုန်းဘေလ်ထဲမှ ကောက်ခံရန်ကို သင့်အနေဖြင့် သဘောတူ လက်ခံသည် ဖြစ်သည်။ လိုအပ်သော အခွန်အခများကိုလည်း သင့်အနေဖြင့် ပေးဆောင်ရန် သဘောတူပါသည်။ ဝန်ဆောင်မှုအတွက် နေ့စဉ်ကြေး ၉၉ ကျပ်ကို အဖွဲ့ဝင်ဖြစ် သည့်နေ့မှစတင်၍ နေ့စဉ် အလိုအလျောက်သက်တမ်း တိုးကောက်ခံသွားမည် ဖြစ်သည်။ Byoh Lifestyle ဝန်ဆောင်ခ နှုန်းထားများကို  ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အချိန်မရွေး ပြောင်းလဲခွင့်ရှိသည်။ ဈေးနှုန်းအပြောင်းအလဲရှိပါက သင့်ထံသို့ အလျဉ်းသင့်သလို သင့်တော် သော နည်းလမ်းဖြင့် ကြေညာပေးသွားမည် ဖြစ်ပါသည်။ Byoh Lifestyle အနေဖြင့် မည်သည့် အကြောင်းကြောင်း ကြောင့်နှင့်မျှ ကောက်ခံပြီးသား ဝန်ဆောင်ခများကို ပြန်လည်ပေးအပ်မည် မဟုတ်ပါ။ သင့်အနေဖြင့် Byoh Lifestyle ဝန်ဆောင်မှုမှ အဖွဲ့ဝင်အဖြစ် မပယ်ဖျက်မခြင်း (သို့မဟုတ်) Byoh Lifestyle ဝန်ဆောင်မှုမှ သင့်အား အဖွဲ့ဝင်အဖြစ်မှ မပယ်မဖျက်မခြင်း ဝန်ဆောင်ခကောက်ခံမှုဟာ အကျုံးဝင်နေမည် ဖြစ်သည်။

            အကယ်၍ သင်မဟုတ်သော တစ်စုံတစ်ယောက် (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခုက သင်သိ သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင်၏ ဖုန်းကိုယူသုံး၍သော်လည်းကောင်း (သို့မဟုတ်) သင်၏အမည်ပေါက် Sim Card ကို ယူသုံး၍သော်လည်းကောင်း၊ သင်၏ကိုယ်ရေးအချက်အလက်များဖြင့် စာရင်းဝင်ထားသည့် Sim Card ကို အသုံးပြုခြင်းကြောင့်သော်လည်းကောင်း ဤဝန်ဆောင်မှုကိုအသုံးပြုမှုအတွက် ဝန်ဆောင်ခကျသင့် ငွေအားလုံးကို သင်၏ဖုန်းဘေလ်ထဲမှ ကောက်ခံသွားမည် ဖြစ်သည်။

၄။ ဝန်ဆောင်မှုပေးခြင်း

ဝန်ဆောင်ခ နေ့စဉ်ကြေး ၉၉ ကျပ်ကို အပြည့်အဝပေးသွင်းပြီးမှသာ Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုနိုင် မည်ဖြစ်သည်။ အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုခြင်း၊ ဖတ်ရှုခြင်း၊ နားထောင်ခြင်းများအတွက် သီးသန့် သက်သက်သာ သင့်အနေဖြင့် ဤဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်ကို သဘောတူလက်ခံပါသည်။       

Byoh Lifestyle ဝန်ဆောင်မှုထဲမှ ဗီဒီယိုအစီအစဉ်များ၊ ဆောင်းပါးများနှင့် အသံထုတ်လွှင့်မှုများကို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ပြန်လည်ကူးယူခြင်း၊ ရိုက်ကူးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ မိတ္တူရယူခြင်း၊ အခြားသူများ ထံပေးပို့ခြင်း၊ တဆင့်ပြန်လည် ရောင်းချခြင်း၊ အတုအပဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ၊ ပြသခြင်း၊ တင်ဆက်ခြင်း၊ ပုံတူကူးယူ ဖန်တီးခြင်း၊ ခွင့်ပြုထားခြင်းမရှိသော စက်ပစ္စည်းကိရိယာများထဲတွင် ထည့်သွင်း သိမ်းဆည်းထားခြင်း၊ ခွင့်ပြုထားခြင်းမရှိသော နည်းလမ်းများဖြင့် အခြားသူများထံမျှဝေခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။ Byoh Lifestyle App ထဲမှ အကြောင်းအရာများ၊ အချက်အလက်များကို Byoh Lifestyle မှ ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်သည်ကို သိရှိသဘောတူပါသည်။ ဤဝန်ဆောင်မှုမှတဆင့် ရရှိနိုင်သည့် အကြောင်းအရာမှန်သမျှကို ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ပယ်ချခြင်း၊ ကြည့်ရှုခွင့် ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းတို့ပြုလုပ်ရန် Byoh Lifestyle တစ်ဦးတည်းဆုံးဖြတ်ကာ လုပ်ပိုင်ခွင့်ရှိသည်။

၅။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်း

သင့်အနေဖြင့် Byoh Lifestyle ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက MPT ဖြင့် 8202 ကို OFF ဟု  SMS ပေးပို့၍ဖြစ်စေ၊ ATOM ဖြင့် *979*3*2# ကို ဖုန်းခေါ်ဆို၍ ဖြင့်စေ၊ Byoh Lifestyle Application (သို့မဟုတ်) Byoh Lifestyle Website ထဲမှတဆင့်ဖြစ်စေ ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်သည်။ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ ဤဝန်ဆောင်မှုကို သင့်အနေဖြင့် အသုံးပြုနေ ခြင်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်းတို့ကို  လည်းကောင်း၊ ဝန်ဆောင်ခတောင်းခံခြင်းနှင့်ပတ်သက်၍ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း (သို့) ရပ်တန့်ခြင်းတို့ကို လည်းကောင်း ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ Byoh Lifestyle တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခွင့်ရှိသည်။ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ Byoh Lifestyle တွင် တာဝန်ရှိမည် မဟုတ်ကြောင်းကို သင့်အနေဖြင့် သိရှိသဘောတူ လက်ခံပါသည်။

၆။ စက်ပစ္စည်းများ

အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းနှင့် တက်ဘလက်တို့မှတစ်ဆင့် ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ သင်၏စက်ပစ္စည်းများမှ ဤဝန်ဆောင်မှုကို ရယူအသုံးပြုမှုများနှင့်ပတ်သက်၍ သင်တစ်ဦးတည်းတွင် တာဝန်ရှိသည်။ အကယ်၍ သင့်အနေဖြင့် ဤဝန်ဆောင်မှုကိုရယူထားသော်လည်း သင်၏ စက်ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့် လည်းကောင်း၊ သင်၏ စက်ပစ္စည်းများသည် ဤဝန်ဆောင်မှုမှချမှတ်ထားသော အနိမ့်ဆုံး လိုအပ်ချက်များဖြင့် မကိုက်ညီ၍သော် လည်းကောင်း Byoh Lifestyle ဝန်ဆောင်မှုကို အသုံးမပြုနိုင်သော်လည်း သင်သည် ဤဝန်ဆောင်မှုကို ရယူထားပါက ကျသင့်သည့်ဝန်ဆောင်ခများကိုမူ ပေးချေရမည် ဖြစ်သည်။ သို့ဖြစ်၍ သင့်အနေဖြင့် သင်၏ စက်ပစ္စည်း ကိရိယာများသည် Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုရန် ထောက်ပံ့ပေးနိုင်ခြင်းရှိမရှိကို သေချာစစ်ဆေးထားရန် လိုအပ်ပါသည်။ သင်၏စက်ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊ ဤဝန်ဆောင်မှုမှ သတ်မှတ်ထားသည့် အနိမ့်ဆုံးလိုအပ်ချက်များကို သင်၏ စက်ပစ္စည်းများက မထောက်ပံ့နိုင်သောကြောင့်သော်လည်းကောင်း ဤဝန်ဆောင်မှုကို အသုံးမပြုနိုင်ခြင်းအတွက် Byoh Lifestyle တွင် တာဝန်ရှိမည် မဟုတ်ပါ။ အင်တာနက်မှတဆင့် တိုက်ရိုက်ကြည့်သည့်အခါ ဗီဒီယို အစီအစဉ်များ၏ အရည်အသွေးသည် သင်အသုံးပြုနေသော စက်၊ နေရာနှင့် အင်တာနက်မြန်နှုန်းတို့ပေါ်တွင် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။ Byoh Lifestyle ဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်ရန် Byoh Lifestyle မှ အခါအားလျော်စွာ သတ်မှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက်များအတိုင်း စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်များနှင့် ဝန်ဆောင်မှုများကို ရယူထားရန် လိုအပ်ပါသည်။ Byoh Lifestyle ဝန်ဆောင်မှုမှ ချမှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက် များနှင့်မကိုက်ညီသော စက်ပစ္စည်းများ၊ Software များနှင့် ဝန်ဆောင်မှုများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော စက်ပစ္စည်းချို့ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ဝန်ဆောင်မှုများအားလုံး အတွက် Byoh Lifestyle ဝန်ဆောင်မှုမှ တာဝန်ယူမည် မဟုတ်ပါ။

၇။ အသိပေးချက်များပေးပို့ခြင်း

Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သင်၏ Byoh Lifestyle အကောင့်ထံသို့ အကြောင်းကြား ချက်များပေးပို့ခြင်း၊ Byoh Lifestyle အကောင့်ဖွင့်စဉ်က စာရင်းပေးသွင်းထားသော ဖုန်းနံပါတ်ထံသို့ Byoh Lifestyle ဝန်ဆောင်မှုမှ ဆက်သွယ်ခြင်းတို့ကို သဘောတူလက်ခံပါသည်။  Byoh Lifestyle အနေဖြင့် အကြောင်းအရာအသစ်များ၊ အစီအစဉ်အသစ်များ၊ ဗီဒီယိုအသစ်များ၊ ဆောင်းပါးအသစ်များ၊ ပရိုမိုးရှင်း အစီအစဉ်များ၊ သုံးစွဲသူများထံမှ စစ်တမ်း ကောက်ယူခြင်းများ စသည်တို့ကို App ထဲမှ အသိပေးချက်များ မှတဆင့်ဖြစ်စေ၊ SMS ကတဆင့်ဖြစ်စေ၊ အခြားသော ဆက်သွယ်ရေး နည်းလမ်းများမှတဆင့်ဖြစ်စေ ဆက်သွယ် ပေးပို့သွားမှာဖြစ်ပါသည်။ ဒါအပြင် Byoh Lifestyle App ထဲမှာ ဝန်ဆောင်မှုအသုံးပြုမှုအတွက် သင့်ရဲ့ငွေပေးချေမှု ကိစ္စများ၊ သဘောတူညီမှုများ၊ ထုတ်ဖော်ချက်များနဲ့ အခြားအချက် အလက်များပေးပို့ခြင်းကိုလည်း လက်ခံပါမည်။ ဤဝန်ဆောင်မှုကို ရယူထားသော သင့်ထံသို့ Byoh Lifestyle App မှတဆင့် အချက်အလက်များ၊ အကြောင်းအရာများ၊ စာသားများ၊ ဆော့ဖ်ဝဲများ၊ အသံများ၊ ဓာတ်ပုံများ၊ ဒီဇိုင်းပုံရိပ်များ၊ ဗီဒီယိုများ၊ မက်ဆေ့ချ်များ၊ တွဲဖက်အကြောင်းအရာများနှင့် အခြားသော အကြောင်းအရာများကို Byoh Lifestyle မှ ပေးပို့ခွင့်ရှိသည်။ မှတ်ပုံတင်စဉ်က သင်ပေးသွင်းသော အချက်အလက်များနှင့် ထိုသို့ပေးသွင်းခြင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် သင့်တွင်သာ အလုံးစုံ တာဝန်ရှိသည်။

၈။ ကန့်သတ်တားမြစ်ချက်များ

Byoh Lifestyle ဝန်ဆောင်မှုကို သင့်အနေဖြင့် စီးပွားဖြစ်အသုံးပြုခွင့်မရှိပါ။ ဤဝန်ဆောင်မှုသည် သင်၏ တစ်ကိုယ်ရည်နှင့် အကျိုးအမြတ်အတွက် မဟုတ်သော အသုံးပြုမှုအတွက်သာ ဖြစ်သည်။ သင့်အနေဖြင့် Byoh Lifestyle App ထဲမှ ဗီဒီယိုအစီအစဉ်များ၊ ဆောင်းပါးများ၊ အကြောင်းအရာများ၊ အသံဖိုင်များ၊ ပုံများကို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ပြန်လည်ကူး ယူခြင်း၊ ရိုက်ကူးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ မိတ္တူရယူခြင်း၊ မူပိုင်ခွင့်တင်ခြင်း၊ အခြားသူများထံပေးပို့ခြင်း၊ တဆင့် ပြန်လည်ရောင်းချခြင်း၊ အတုအပဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ၊ ပြသခြင်း၊ တင်ဆက်ခြင်း၊ ပုံတူကူးယူဖန်တီးခြင်း၊ ခွင့်ပြုထားခြင်းမရှိသော စက်ပစ္စည်းကိရိယာများထဲတွင် ထည့်သွင်းသိမ်းဆည်းထားခြင်း၊ ခွင့်ပြု ထားခြင်းမရှိသောနည်းလမ်းများဖြင့် အခြားသူများထံမျှဝေခြင်းကို လုံး၀ မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်ခဲ့ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး Byoh Lifestyle ဝန်ဆောင်မှု၏ဆုံးရှုံးမှု၊ နစ်နာမှုအလုံးစုံအတွက် သင့်ဘက်မှ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်သည်။ Byoh Lifestyle ဝန်ဆောင်မှုထဲရှိ ဗီဒီယိုအစီအစဉ်များ၊ ဆောင်းပါးများ၊ အကြောင်းအရာများ၊ အသံဖိုင်များ၊ ပုံများကို Byoh Lifestyle ဝန်ဆောင်မှု၏ စည်းကမ်းချက်များအတိုင်း တရားဥပဒေနှင့်အညီသာ ရယူသုံးစွဲကြည့်ရှုဟု သင့်အနေဖြင့် သဘောတူပါသည်။

            သင့်အနေဖြင့် ဝန်ဆောင်မှုအား ရယူရာတွင် (၁) Byoh Lifestyle မှ စီစဉ်ပေးထားသော ကြားခံစနစ် မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုခြင်း၊ (၂) ဝန်ဆောင်မှုများရယူရာတွင် Robot၊ Spider၊ Scraper၊ Script၊ Web Crawler များအသုံးပြု၍ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားအလိုအလျောက် နည်းလမ်းများကို အသုံးပြုခြင်း၊ (၃) ဝန်ဆောင်မှုကို ရယူခြင်း၏ ဇာတ်မြစ်ကို ဖုံးကွယ်ရန်အတွက် Identifier ကုဒ်နံပါတ်များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို လိုသလိုပြုပြင်ခြင်း (၄) Byoh Lifestyle ဆာဗာအား ပျက်ဆီးစေမည့်လုပ်ရပ်များ၊ ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်း (၅) နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ် ချက်ဖြင့် စာများ၊ အီးမေးလ်များရေးသားခြင်း၊ ဗိုင်းရပ်စ်ပါသော ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းများကို လုံး၀ မပြုလုပ်ပါဟု သဘောတူပါသည်။

            သင်သည် Byoh Lifestyle ဝန်ဆောင်မှုကို Byoh Lifestyle ဝန်ဆောင်မှုမှ သတ်မှတ်ပေးထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များဘောင်အတွင်းကသာ အသုံးပြုရမည် ဖြစ်သည်။ သင့်အနေဖြင့် Byoh Lifestyle ဝန်ဆောင်မှုကသတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍သော်လည်းကောင်း၊ သတ်မှတ်ချက်များကို မလိုက်နာဘဲ ကျော်လွန်၍သော်လည်းကောင်း Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ Byoh Lifestyle ဝန်ဆောင်မှု၏ Social Media စာမျက်နှာများဖြစ်သည့် Facebook ၊ Instagram ၊ YouTube နှင့် Web Page များကို Byoh Lifestyle ဝန်ဆောင်မှုမှ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် မရှိဘဲ ရယူသုံးစွဲခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။

၉။ အသိဉာဏ်ပစ္စည်းများဆိုင်ရာ ရပိုင်ခွင့် (Intellectually Property Rights)

Byoh Lifestyle ဝန်ဆောင်မှုတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်များ (Byoh Lifestyle ဝန်ဆောင်မှုအမည်နှင့် ကုန်အမှတ်တံဆိပ်များအပါအဝင်)၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများ အားလုံးသည် Byoh Lifestyle ဝန်ဆောင်မှုနှင့် ယင်း၏လုပ်ငန်းဖော်ကုမ္ပဏီများ၊ အခြား သက်ဆိုင်ရာ လုပ်ငန်းများမှ ပိုင်ဆိုင်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သင့်ကိုပေးသော အခွင့်အရေးသည် ထိုကုန်အမှတ်တံဆိပ်များ၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှုအမှတ်အသားများကို သုံးစွဲပိုင်ခွင့်များ ရပိုင်ခွင့်များ ပေးအပ်ခြင်း မပါဝင်ပါ။ ထိုအခွင့်အရေးများကို Byoh ဝန်ဆောင်မှု၏ လုပ်ငန်းဖော်များ နှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းများမှ စာဖြင့်ခွင့်ပြုချက်ပေးမှသာ သုံးစွဲပိုင်ခွင့် ရရှိမည် ဖြစ်သည်။ ထိုနာမည်များကို အသုံးပြုပြီး Byoh Lifestyle ဝန်ဆောင်မှုကို ရည်ညွှန်းခြင်း၊ အခြားတစ်ခုခုကို ရည်ညွန်းခြင်းများ ဆောင်ရွက်ခွင့် မရှိပါ။ 

၁၀။ တာဝန်မရှိကြောင်းရှင်းလင်းဖော်ပြချက်

မည်သည့်အခြေအနေတွင်ဖြစ်စေ အထက်ဖော်ပြပါ စည်းမျဉ်းစည်းများကို ဖောက်ဖျက်ခြင်း၊ ချိုးဖောက်ခြင်း ကြောင့် (သို့မဟုတ်) စာချုပ်အရဖြစ်စေ၊ တရားမနစ်နာမှုအရဖြစ်စေ၊ ယတိပြတ်တာဝန်ရှိမှုကြောင့် ဖြစ်စေ (သို့မဟုတ်) ဤဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်၊ နစ်နာကြေး၊ တောင်းဆိုချက်၊ အရေးယူ ဆောင်ရွက်မှု၊ တရားစွဲဆိုခြင်း၊ ဥပဒေအဆုံးအဖြတ်၊ ဆုံးရှုံးမှုနှင့်တာဝန်ရှိမှုများ (သို့မဟုတ်) ဝန်ဆောင်မှုမှတဆင့် ရရှိသော အချက်အလက်များ၊ အကြောင်းအရာများ၊ ဆော့ဖ်ဝဲလ်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကြောင့် သင်နှင့်အခြား အဖွဲ့အစည်းများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ကြီးမားပြင်းထန်သော၊ အသေးအဖွဲဖြစ်သော၊ (သို့မဟုတ်) အကျိုးဆက်အရ ဖြစ်ပေါ်လာသော အကြောင်းကိစ္စများ၊ ထိခိုက်နစ်နာမှုများ၊ နစ်နာကြေးတောင်းခံမှုများ၊ အရေးယူမှုများ၊ တောင်းဆိုချက်များ၊ တရားရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့်စွဲဆိုချက်များ၊ စီရင်ချက်များ၊ ကုန်ကျစရိတ်များအမျိုးမျိုးသည် Byoh Lifestyle ဝန်ဆောင်မှု၊ MPT, ATOM နှင့် ၎င်းတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ တွဲဖက်လုပ်ကိုင်သူများ၊ မူပိုင်ခွင့် ပေးအပ်သူများတွင် ဥပဒေအရ တာဝန်မရှိစေရပါ။ သင့်အနေဖြင့်သာ ကိစ္စအ၀၀တို့အတွက် တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရှိသဘောတူပါသည်။

၁၁။ အသိပေးချက်

အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် တရားဝင်ဖြစ်သည်။ သင့်အနေဖြင့် Byoh Lifestyle ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ အသုံးပြုသူများစည်းမျဉ်း စည်းကမ်းများကို သိရှိသဘောတူ လက်ခံပြီး ဖြစ်သည် ဟု မှတ်ယူသည့်အတွက် ထိုစည်းမျည်းစည်းကမ်းများကို မဖတ်ရှုဘဲ ဤဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းသည် သင်တစ်ဦးတည်း၏ တာဝန်သာ ဖြစ်သည်။

၁၂။ ဥပဒေသက်ရောက်မှုနှင့် တရားစီရင်ပိုင်ခွင့်

အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၏တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖော်ဆောင်ရမည် ဖြစ်သည်။ ဤဝန်ဆောင်မှုကို အသုံးပြုမှုကြောင့် ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ၊ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံတော် တရားရုံးများတွင် တည်ဆဲဥပဒေများအရ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူ လက်ခံပါသည်။